သီရိဆောင်

Listing Description

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းနှင့် ဂျပ်ဆင်လမ်းထောင့်တွင် တည်ရှိသည်။ သီရိဆောင်ကို ၁၉၂၈ နိုဝင်ဘာလ ၃ ရက်နေ့တွင် Chancellor Sir Charles Alexander Innes မှ စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် အမျိုးသမီးကျောင်းသူများ နေထိုင်ရာအဆောင်အဖြစ် အသုံးပြုခဲ့သည်။ ယခင်က Benton Hall ဟု ခေါ်ဆိုခဲ့ကြရာမှ ၁၉၄၈-၄၉ ခုနှစ်တွင် သီရိဆောင်ဟု အမည်တွင်လာခဲ့သည်။ ယခုအခါ ယင်းသီရိဆောင်သည် ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။