ကျောက်ဆင်တောရရွှေတိဂုံစေတီတော်

Listing Description

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးပုံစံတူ ကျောက်ဆင်တောရရွှေတိဂုံစေတီတော်ကို မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲ၊ လေးမျက်နှာနှင့် တဲစုရွာကြီးသုံးရွာတို့၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ တောင်ရိုးတောင်တန်းပေါ်တွင် တည်ရှိပါသည်။ ကမ္ဘာသာသနာပြု တောင်ပုလု ကမ္ဘာအေးဆရာတော်ကြီး ဦးနန္ဒိယ၏ တပည့် ကျောက်ဆင်တောရဆရာတော် ဦးသူရိယမှ ဆရာ့ကျေးဇူးဆပ်သောအားဖြင့်လည်းကောင်း၊ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို ရည်မျှော်မှန်းဆ၍လည်းကောင်း၊ နှစ်ပေါင်းများစွာအရှည်တည်တံ့လျက် စေတီတော်ကြီးကို ဖူးမျှော်ကြည်ညိုကြရသော ရဟန်းရှင်လူခပ်သိမ်းသူတို့ သရဏဂုံတည် ငါးပါးသီလလုံကြသူများ ဖြစ်ကြပြီးလျှင် ရန်သူချင်းချင်းပင်ဖြစ်လင့်ကစား ကျောက်ဆင်ရွှေတိဂုံစေတီတော်ကြီးမြတ်ကြီးကို ဖူးမျှော်ကြည်ညိုလိုက်ရပါက ဒေါသအာဃာတများ ပြေပျောက်လျက် တစ်ဦးပေါ်တစ်ဦး မေတ္တာစိတ်ရောက်၍ ချစ်ခင်စွာအတူတကွ ကုသိုလ်ဒါနပြုကြပြီး မဂ်ဖိုလ်နိဗ္ဗာန် အလျင်အမြန် ဝင်စံကြပါစေရန် စိတ်ရည်သန်ပြီး သက္ကရာဇ် ၁၃၆၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၉)ရက်နေ့တွင် ပန္နက်တင်မင်္ဂလာဖြင့် စတင်တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်သည် ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ကြီး၏ ပုံတော်အတိုင်းဖြစ်ပြီး ဉာဏ်တော်အမြင့် ၁၁၇ ပေ၊ ၁ လက်မ ရှိပါသည်။