ဦးဘိုးသွယ် (၁၈၉၅ –၁၉၈၉)

Listing Description

ပညာတန်ဆောင် အယ်ဒီတာချုပ်နှင့် စာရေးဆရာတစ်ဦး ဖြစ်သည်။ ဦးဘိုးသွယ်ကို ၁၈၉၅−ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ အဖ ဦးပန်းဦး၊ အမိ ဒေါ်ဆိုင်းတို့မှ မွေးဖွားသည်။ ၁၉၀၀ ပြည့်နှစ်၊ ကျိုက်ထိုမြို့ အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားပြီး အင်္ဂလိပ်−မြန်မာ နှစ်ဘာသာ သတ္တမတန်းကို အောင်မြင်ခဲ့သည်။ ၁၉၁၂−ခုနှစ် မော်လမြိုင် အစိုးရအထက်တန်းကျောင်းနှင့် ဆရာအတတ်သင် နော်မန်ကျောင်းတွင် ဆက်လက်ပညာ ဆည်းပူး၍ ၁၉၁၆−ခုနှစ်တွင် မော်လမြိုင် အင်္ဂလိပ်−မြန်မာ နှစ်ဘာသာ အလယ်တန်းဆရာအဖြစ် စာမေးပွဲ အောင်မြင်ပြီး ၁၉၁၈−ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို အောင်မြင်သည်။ ၁၉၃၅−ခုနှစ်တွင် ဘီအီးဒီအောင်သည်။

၁၉၃၆−ခုနှစ်မှစ၍ ပညာရေးဌာနတွင် စတင်အမှုထမ်းသည်။ ၁၉၅၂−ခုနှစ်တွင် အငြိမ်းစားယူသည်။ ၁၉၅၂−ခုနှစ်၊ ဧပြီလမှစ၍ ပညာတန်ဆောင် မဂ္ဂဇင်းတိုက်တွင် စာတည်းအဖြစ် ဝင်ရောက်အမှုထမ်းသည်။ ထိုအခါမှစ၍ ပညာရေးဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ ၎င်းမဂ္ဂဇင်းမှာပင် အယ်ဒီတာချုပ်အဖြစ် ဆက်လက်အမှုထမ်းပြီး ၁၉၈၃−ခုနှစ်တွင် အနားယူသည်။ ပညာတန်ဆောင် မဂ္ဂဇင်းတိုက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်ဆောင်ရွက်သည်။ ဦးဘိုးသွယ်သည် ၁၉၈၉ ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၁)နှစ် ရှိပြီဖြစ်သည်။