မိလ္လာရေဆိုး သန့်စင်စက်ရုံဟောင်း

Listing Description

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် မျက်နှာချင်းဆိုင် ပြည်လမ်းတဖက်ခြမ်း ရိုးမရိပ်သာလမ်းတွင် တည်ရှိသည်။ ရန်ကုန်တက္ကသိုလ် တည်ဆောက်ချိန်ကတည်းက ရှိခဲ့သည့် မိလ္လာရေဆိုး သန့်စင်စနစ် စက်ရုံ (sewage plant) နေရာဖြစ်သည်ဟု သိရသည်။ ယခုအခါ မိလ္လာပိုက်များလည်း ပျက်စီးကုန်ပြီး ဂိုထောင်ပုံစံ အုတ်ခုံများသာ ကျန်ရှိတော့သည်။