မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်

Listing Description

မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းနှင့် ဟံသာဝတီလမ်းထောင့်တွင် တည်ရှိပါသည်။ ထိုပြတိုက်ကို ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု တိုက်ဖျက်ရေးနေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပြတိုက်၏ ဧရိယာအကျယ်အဝန်းမှာ ၁၅.၁၁ ဧကကျယ်ဝန်းပြီး မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်ဟူ၍ အထပ်သုံးထပ်ဖြင့် ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပပျောက်ရေးကြိုးပမ်းမှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် နောက်ဆက်တွဲ ဆိုးကျိုးပုံရိပ်များကို ပြခန်းပြကွက်များဖြင့် စုံလင်စွာ ပြသထားပါသည်။ ပြတိုက်အတွင်းမှ ပြခန်းပြကွက် ပစ္စည်းများကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒေါ်နုမြတ်စံက ဒီဇိုင်းဆွဲပေးခဲ့ပါသည်။ ပြတိုက်ကို တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက်(၉း၀၀)နာရီမှ ညနေ (၄း၀၀)နာရီထိ ဖွင့်လှစ်ပြသလျက်ရှိပါသည်။