နိုင်းနိုင်း

Listing Description

နိုင်းနိုင်းကို ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည် ။ အမည်ရင်း တင်ဇော်လတ်ဖြစ်သည်။ သရုပ်ဆောင် အောင်မင်းခန့်၏ အစ်ကို တစ်ဝမ်းကွဲဖြစ်သည်။ ရန်ကုန်တက္ကသိုလ် မှ ဘွဲ့ရရှိခဲ့သည် ။

၁၉၉၆ ခုနှစ်တွင် တင်ဇော်လတ်အမည်ဖြင့် မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ပြီး တီဗီကြော်ငြာများ၊ မဂ္ဂဇင်းမျက်နှာဖုံးများ၊ ဂျာနယ်များ၊ သီချင်းဗီဒီယိုများမှတစ်ဆင့် လူသိများလာခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် Snow White ရုပ်ရှင်ထုတ်လုပ်ရေးမှ နိုင်းနိုင်းအမည်ဖြင့် သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ မြင့်မိုရ်ချစ်သူ၊ မှန်ရာကို သစ္စာဆိုပါမည်၊ အလကားနေရင်း၊ တူရိယာ၊ ချစ်လို့ယူထားတာ၊ မချစ်ဘူးမုန်းတယ်၊ ကော်နဲ့ကပ်ထားတယ် စသည့် ဗီဒီယိုဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သော “လိပ်ပြာစံအိမ်” တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်ကားသည် Asian Acedamy Creative Awaards မှ Best Feature Film ၊ Best Direction၊ Best Actress in a Leading Role၊ Best Actress in a Supporting Role၊ Best Cinematography၊ Best Theme Song စသည့် ဆုများစွာ ရရှိခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်သည်။

၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မစန္ဒီချိုနှင့် လက်ထပ်ခဲ့ပြီး သမီးသုံးယောက်နှင့် သားတစ်ယောက်ထွန်းကားခဲ့သည်။

ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်များ -

ဒုဌဝတီကိုလွန်၍ (၂၀၁၈)

အဆိပ်ရှိလူရိုင်း (၂၀၁၈)

ကမ္ဘာနှစ်ထပ် (၂၀၁၉)

လိပ်ပြာစံအိမ် (၂၀၁၉)