မိတ္ထီလာစီးပွားရေးတက္ကသိုလ်

Listing Description

မြန်မာနိုင်ငံအတွင်း စီးပွားရေးတက္ကသိုလ် သုံးခုရှိသည့်အနက် နောက်ဆုံးဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့ နှင့် ၁၀မိုင်ခန့်အကွာ သပြေ၀ကျေးရွာအနီးတွင် တည်ရှိသည်။ ၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၈တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသားများကို စတင်လက်ခံသင်ကြားပေးခဲ့ပါသည်။ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်သည် မိတ္ထီလာမြို့တွင် တည်ရှိသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် တက္ကသိုလ်နယ်မြေခွဲများ တည်ထောင်ထားရှိပါသည်။ မန္တလေးနယ်မြေခွဲသည် မန္တလေးတက္ကသိုလ်အတွင်းတွင် တည်ရှိပြီး နေပြည်တော်နယ်မြေခွဲသည် နေပြည်တော် အမှတ် (၁၈) အထက်တန်းကျောင်းတွင် တည်ရှိပါသည်။