ကျော်ထက်ဇော်

Listing Description

၁၉၉၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည် ။ သန်လျင်နည်းပညာတက္ကသိုလ်မှ BE ဘွဲ့ရရှိခဲ့သည် ။

၂၀၁၇ ခုနှစ်တွင် MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသော “အမုန်းမှသည်” ဇာတ်လမ်းတွဲ၌ ကောင်းမြတ်စံ၊ ဆောင်းဝတ်ရည်မေ၊ မေအေကရီထူးတို့နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲ၌ စည်သူဝင်း၊ ထက်ထက်မိုးဦး၊ အေးမြတ်သူ၊ ပိုးကြာဖြူခင်တို့နှင့်တွဲဖက်၍ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်တွင်ပင် “စိတ်၏ခြေရာ” ဇာတ်လမ်းတွဲ၌ ဝင့်ယမုံနိုင်၊ ဘုန်းရှိန်ခန့်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနောက် ကြယ်ကလေးရဲ့ကောင်းကင် (၂၀၁၉)၊ အချစ်ဖွဲ့လေညှင်း (၂၀၂၀)၊ ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ် (၂၀၂၂) စသည့်ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ရွှေမိုးငွေမိုးပြည့်လျှံဖြိုး၊ သဲသဲလှုပ်၊ အဆိပ် စသည့် ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။