ဥက္ကာမင်းမောင်

Listing Description

၁၉၈၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် ရန်ကုန်၌ မွေးဖွားခဲ့သည်။ အမည်ရင်း ရဲထူးလွင် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာနှင့် ဘွဲ့ရသည်။ အသက် ၂၄ နှစ်တွင် နယူးယောက်သို့ မိသားစုလိုက် ပြောင်းနေသည်။ ဘာကလေကောလိပ်မှ စီးပွားစီမံ ဘာသာရပ်နှင့် ဘွဲ့ထပ်မံရရှိခဲ့သည်။

အသက် ၁၈ နှစ်တွင် သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ခဲ့ပြီး ဗီဒီယိုဇာတ်ကား ၄၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သရုပ်ဆောင်လောကမှ ၈ နှစ်ကြာ ကင်းကွာပြီးနောက် မြန်မာ့ပထမဆုံး LGBT ဇာတ်ကား “The Gemini” ဖြင့် သရုပ်ဆောင်လောကသို့ ပြန်လည် ဝင်ရောက်ခဲ့ပြီး ဘန်နီဝေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် Mister Tourism World 2016 တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Mister Tourism World Myanmar ဆုရရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အင်စတာဂရမ်မှ ယောက်ျားချင်း စိတ်ဝင်စားသူဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။