လောင်းလုံးမြို့နယ်၌ ပြည်သူများ ဆန္ဒမဲပေး

Listing Description

လောင်းလုံး နိုဝင်ဘာ ၉

လောင်းလုံးမြို့နယ်၌ ယမန်နေ့က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် နံနက် ၆ နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲအေးချမ်းစွာ လာရောက်ပေးခဲ့ကြသည်။

မဲရုံအသီးသီးသို့ လာရောက်ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် မဲရုံ တာဝန်ရှိသူများက အဖျားတိုင်းခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ ကွာဖြင့် နေရာချပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ရာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

လောင်းလုံးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူ ၁၂၇၅၇၄ ဦး၊ မဲရုံပေါင်း ၁၁၂ ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

သိန်းသိန်း (ပြန်/ဆက်)