မြနှင်းရည်လွင်

Listing Description

မြနှင်းရည်လွင်ကို ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး မွေးချင်းလေးဦးအနက် အငယ်ဆုံးဖြစ်သည်။ အမှတ် (၂) ကမာရွတ် အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားခဲ့ပြီး ဒဂုံတက္ကသိုလ်မှ စိတ်ပညာ ဘွဲ့ရရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် အနုပညာလောကသို့ ဝင်ရောက်ခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်၏ သီချင်းဗီဒီယို "Ever Golli" တွင် ပထမဦးဆုံး ပွဲဦးထွက် ပါဝင်ခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်တွင် fashion နှင့်ပတ်သက်သော စီးပွားရေး ကြော်ငြာဆိုင်းဘုတ်များ စတင်ရိုက်ကူးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဆုပေးပွဲ အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခဲ့သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဦးမျိုးလွင်နှင့် လက်ထပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကွာရှင်းခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဒါရိုက်တာမီးပွားရိုက်ကူးသည့် “အေဒင်ရဲ့နတ်သမီး” ရုပ်ရှင်ဇာတ်ကားတွင်  ပွဲဦးထွက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် MRTV-4 မှ ထုတ်လွှင့်ခဲ့သော “နွေကန္တာဦး” ရုပ်သံဇာတ်လမ်းတွဲတွင် စည်သူဝင်းနှင့် ထွန်းအိန္ဒြာဗိုတို့နှင့်အတူ ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။

ရုပ်ရှင်များ

အေဒင်ရဲ့နတ်သမီး     (၂၀၁၆)

ရည်းစားတစ်ဝမ်းကွဲ   (၂၀၁၈)

The Masks

လရောင်အောက်ဘက်မိုင်အဝေးမှာ

ကတိ

ရုပ်သံဇာတ်လမ်းတွဲများ

နွေကန္တာဦး

ကြမ္မာနွံ့

ဇနီးချောများကွန်ရက်

အဆိပ်သွေး

၀င်္ကပါရှင်းတမ်း

တတိယမြောက်ဆုံမှတ်

အဆိပ်သွေး ၂

ငွေစက္ကူ၇ရွက်

အခန်းနံပါတ်?

မြင့်မိုရ်ဝှက်တဲ့ပုစ္ဆာ

လိပ်ပြာနှောင်ကြိုး

မာယာလှည့်ကွက်