ဇင်မာဦး (၁၉၇၀ - ၂၀၂၁)

Listing Description

ရုပ်ရှင်သရုပ်ဆောင် ဇင်မာဦးကို ၁၉၇၀ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အ.ထ.က (၄) တာမွေမြို့နယ်တွင် ပညာသင်ကြားခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။ ပရိတ်သတ်အားပေးမှုအများဆုံး ရရှိခဲ့သော ဇာတ်ကားအချို့မှာ ဒိုး၊ တိုက်ပွဲခေါ်သံ၊ စုန်ရေ၊ ငရဲသား၊ အလှသစ္စာတရား၊ သီတာခုနစ်တန် တို့ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် သီတာခုနစ်တန် ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။

သူမသည် ကိုကျော်ကျော်နှင့် အိမ်ထောင်ပြုခဲ့ပြီးနောက် အိမ်ထောင်ရေးအဆင်မပြေသဖြင့် လမ်းခွဲခဲ့သည်။ ထို့နောက် မင်းသား သီဟတင်စိုးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။

ဇင်မာဦးသည် နှလုံး၊ ကျောက်ကပ်၊ အဆုတ်ကင်ဆာရောဂါ ၂ နှစ် နီးပါးခံစားခဲ့ရပြီး အောက်ဆီဂျင်ပိုက်ဖြင့် အသက်ဆက်ခဲ့ရကာ ထိုရောဂါများဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၊ အောင်ရတနာဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၁ နှစ်ရှိပြီဖြစ်သည်။