ဘားအံခရိုင် ရှမ်းရွာသစ်မြို့ရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

Listing Description

ရှမ်းရွာသစ် နိုဝင်ဘာ ၈

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းများကို ယနေ့နံနက် ၆ နာရီမှစ၍ ကျင်းပခဲ့ရာ ရပ်ကွက်နှင့်ကျေးရွာအသီးသီး ရှိ မဲရုံများ၌ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

မဲရုံအသီးသီး၌ မဲရုံစတင်မဖွင့်လှစ်မီ နံနက် ၅ နာရီတွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ က သက်ဆိုင်ရာမဲရုံမှူးများထံသို့ ချိပ်ပိတ်ပြီးသော ကြိုတင်မဲပုံးများ ကို လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် မဲရုံမှူးနှင့်ဒုမဲရုံမှူးတို့က မဲဆန္ဒရှင် ပြည်သူများ ရှေ့မှောက်တွင် မဲပုံးပိတ်ခြင်း၊ မဲပုံးလုံခြုံရေးကြိုးတပ်ဆင် ခြင်းများ ဆောင်ရွက်ခဲ့ကြကာ နံနက် ၆ နာရီတွင် မဲရုံမှူးက မဲရုံစတင် ဖွင့်လှစ်ကြောင်း ကြေညာသည်။

ထို့နောက် ဆန္ဒမဲပေးရန် ကြိုတင်စောင့်ဆိုင်းနေကြသော မဲဆန္ဒရှင်ပြည်သူများက ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)