ပန်းသေနဂါးရွှံ့မီးတောင်

Listing Description

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ စိုင်ခြုံကျေးရွာမြောက်ဘက်တွင် တည်ရှိသည့် ရွှံ့မီးတောင်တစ်ခုဖြစ်သည်။ ပန်းသေနဂါးရွှံ့မီးတောင်ဟု ဒေသခံများ ခေါ်တွင်ကြသည်။ စိုင်ခြုံကျေးရွာ၏ အရှေ့ဘက်တွင် မီးတောင် ၁၀ လုံးရှိပြီး နဂါးကြီး၊ အောက်သားနဂါး၊ ဝက်အမ်းနဂါး၊ နဂါးစောက်၊ မာန်အောင်သမနဂါး၊ သပြေတောနဂါး၊ ကိုးပေါက်နဂါး၊ ပန်းယင်နဂါး၊ ဆိတ်ကျနဂါး၊ ဖက်သန်းပင်နဂါးတို့ ဖြစ်သည်။ ရှောက်ချောင်း၊ စည်မော်၊ ကြတ္တိန်၊ ကပ်သပြေ လေးရွာကြားတွင် ကြက်သေနဂါး၊ သပုန်နဂါး၊ တလင်းကြီးနဂါး၊ အရက်သည်မနဂါး စသည့် မီးတောင် လေးလုံးရှိသည်။ ပန်းသေနဂါးရွှံ့မီးတောင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်တွင် အသေးစားပေါက်ကွဲခဲ့သည်။