စော်ဘွားကန်

Listing Description

ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့၏ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ဖြစ်သော စော်ဘွားကန် သည် ဧရိယာအကျယ်အဝန်းအားဖြင့် ၂၈ ဒသမ ၂ဝ၃ ဧကရှိပြီး မိုင်းကိုင် မြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် စိုက်ပျိုးရေရရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး စသည်တို့အတွက် များစွာအထောက် အကူပြုသည့်အပြင်   မြို့၏ကျက်သရေဆောင်  ရေကန်ကြီးတစ်ကန်လည်းဖြစ်သည်။ ယင်းရေကန်ကြီးအား ရှမ်းပြည်နယ်အစိုးရ၏ ဒေသဖွံ့ဖြိုးရေးထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ဖြင့်မတည်၍ ဒေသနေပြည်သူလူထု၏ ပူးပေါင်းပါဝင်လှူဒါန်းငွေများ၊ စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း(၈၀၀)ကျော်ဖြင့်  ၂၀၁၄ခုနှစ်၊ ဇွန်လကုန်တွင် ကန်ဘောင်မြင့်တင်ရေးအပြင်၊ နုံးစစ်ကန်တည်ဆောက်ခြင်း၊ ကန်ပတ် ကားလမ်းဖောက်လုပ်ခြင်း၊ ရေချိုးဆိပ်တည်ဆောက်ခြင်းတို့ကို အပြီးပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးခဲ့သည်။ ယခုအခါ ကန်ဘောင်တစ်လျှောက်တွင် အလည်လာရောက်သူများ၊ ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်သူများ၊ ရေချိုးဆိပ်၌ ရေချိုးသူများဖြင့်  စည်ကားလျက်ရှိပါသည်။