ကယားပြည်နယ်ယဉ်ကျေးမှုပြတိုက်

Listing Description

လွိုင်ကော်မြို့ နောင်ယား (က) ရပ်ကွက်တွင် တည်ရှိသည်။ ၁၉၆၇ ခုနှစ်တွင် ကယားပြည်နယ် ဦးစီးအဖွဲ့လက်အောက်ရှိ ဌာနခွဲတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းဖွင့်လှစ်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် နှစ်ထပ် အဆောက်အအုံဆောက်လုပ်ခဲ့ရာ ၁၉၉၆ ခုနှစ်တွင် ပြီးစီးပြီး ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက် ဖွင့်လှစ်ခဲ့သည်။ ပြတိုက်တွင် ကယားမျိုးနွယ်စု ပြခန်း၊ ရိုးရာအသုံးအဆောင်ပြခန်း၊ ရိုးရာတန်ဆာ ပြခန်း၊ ပန်းချီ/ပန်းပုအနုပညာပြခန်း၊ ရိုးရာတူရိယာ ပြခန်း၊ ကယားပြည်နယ် သမိုင်းဝင်မှတ်တမ်းနှင့် စော်ဘွားပြခန်းများဟူ၍ ပြခန်း ၆ ခုပြသထားသည်။ ပြခန်းအတွင်း ပစ္စည်းပေါင်း ၇၀၀ ကျော် ပြသထားသည်။ ပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားပါသည်။