ခေးဆက်သွင်

Listing Description

၁၉၉၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း မဖြိုးဖြိုးအိဖြစ်သည်။ ရန်ကုန်အနောက်ပိုင်းတက္ကသို့မှ အင်္ဂလိပ်စာဖြင့် ဘွဲ့ရရှိခဲ့သည်။

၂၀၁၁ ခုနှစ်တွင် Telents & Models Agency သင်တန်း တက်ရောက်ခဲ့ပြီး Miss Beautiful Footstep 2011 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရရှိခဲ့သည်။ ထို့နောက် Miss People 2011 ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Best Smile Award ဆုရရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် “Flowers & Butterflies” ရုပ်သံဇာတ်လမ်းတွဲ၌ ကြည်ဇော်ထက်၊ ကျော်ဆု၊ နက္ခတ်၊ စိုးနန္ဒာကျော်တို့နှင့်အတူ ပထမဦးဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် MRTV-4 ဇာတ်လမ်းတွဲများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး “အရိပ် (၂၀၁၈)” နှင့် “နှင်းဆီ (၂၀၁၉)” ဇာတ်လမ်းတွဲများဖြင့် အောင်မြင်ကျော်ကြား လူသိများလာခဲ့သည်။

ပါဝင်သရုပ်ဆောင်ထားသော ဇာတ်ကားများ -

ကမ်း (၂၀၂၀)

သတိ လူကူးမျဉ်းကြားမှကူးပါ (၂၀၂၀)

ရုပ်သံဇာတ်လမ်းတွဲများ -

Flowers & Butterflies (၂၀၁၃)

Happy Beach (၂၀၁၃)

အိမ်နီးချင်း (၂၀၁၅)

ဆုံစည်းခြင်းမိုးတိမ်များ (၂၀၁၇)

ဥယျာဉ်မှူးဖြစ်ဖူးချင်သည် (၂၀၁၇)

အရိပ် (၂၀၁၈)

သာမိုမီတာ (၂၀၁၈)

လေးစုံတွဲ (၂၀၁၉)

နှင်းဆီ (၂၀၁၉)