အကြည်တော် (၁၉၇၂ - ၂၀၂၂)

Listing Description

စာရေးဆရာ အကြည်တော်ကို ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အဖ ဦးထွန်းနိုင် ဒေါ်ညွှန့်နွယ်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၇ ယောက်အနက် ခြောက်ယောက်မြောက်သား ဖြစ်ပြီး နာမည်ရင်းမှာ စောကြည်ဖြူဖြစ်သည်။ ၁၉၉၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် လုံးချင်းဝတ္ထုများ စတင်ရေးသားပြီး ကွယ်လွန်ချိန်အထိစုစုပေါင်း စာအုပ်(၁၀၀)ကျော်ရေးသားခဲ့သည်။

စာရေးဆရာအကြည်တော်သည်  အစာရေမျိုပြွန်ကင်ဆာ သံသယကြောင့်  ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း  ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့  သွားရောက်ဆေးကုသမှုခံယူခဲ့ရသည်။ အောက်တိုဘာ ၁၃ ရက်နေ့တွင် ထိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် ရုတ်တရက် ကျန်းမာရေးဆိုးရွားလာသဖြင့် ပင်လုံဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေရင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက် ည ၈ နာရီ မိနစ်၂၀ ကျော်တွင် ကွယ်လွန်သွားခဲ့သည်။

သူမကွယ်လွန်မီ လအနည်းငယ်က ကိုယ်တိုင်ရွတ်ဆိုထားသည့် ကဗျာနှင့်ဂီတ ပေါင်းစပ်ထားသော ကဗျာဂီတအယ်လ်ဘမ်ကိုထုတ်ဝေခဲ့သည်။