ဇေယျသူ

Listing Description

မန္တလေးမြို့နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်ဖွား ဖြစ်သည်။ ၁၉၇၇ ခုနှစ်၌ ရန်ကုန်မြို့တွင် မွေးဖွား ကြီးပြင်းခဲ့သည်။ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ရန်ကုန် နည်းပညာ တက္ကသိုလ်သို့ တက်ရောက် သင်ကြားခဲ့ပြီး B.E. (Civil) မြို့ပြအင်ဂျင်နီယာဘွဲ့ကို ၂၀၀၄ ခုနှစ်တွင် ရရှိခဲ့သည်။ ဘွဲ့ရအပြီး မြို့ပြအင်ဂျင်နီယာ အဖြစ်ဖြင့် Site Engineer အဖြစ် လည်းကောင်း၊ Structural Design Analyst အဖြစ် လည်းကောင်း ဆောက်ရွက်ခဲ့သည်။

၂၀၀၄ ခုနှစ်တွင် Living Color Media သို့ အယ်ဒီတာ အဖြစ် ဝင်ရောက်ခဲ့ပြီး၊ The Voice weekly စတင် ထွက်ရှိချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံ စုဠာလင်္ကရဏတက္ကသိုလ် (Chulalongkorn University) တွင် တက်ရောက် သင်ကြားခဲ့သော နိုင်ငံတကာ ဖွံ့ဖြိုးရေး မဟာဝိဇ္ဇာဘွဲ့ (Master of Arts in International Development Studies) ရရှိခဲ့သည်။

အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ အစည်းအဝေးများကို ဂျပန်၊ အင်ဒိုနီးရှား၊ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန် ပြည်ထောင်စု စသည့် နိုင်ငံများတွင် တက်ရောက်ခဲ့သည်။ ပညာရပ်ဆိုင်ရာ စာတမ်းများ (academic papers) ကို အခါအားလျော်စွာ သုတေသနပြု ရေးသားလျက်ရှိသည်။

Living Color Media တွင် ဒုတိယအယ်ဒီတာချုပ်နှင့် Human Resources Manager အဖြစ် လည်းကောင်း၊ The Voice Weekly တွင် တာဝန်ခံ အယ်ဒီတာ အဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး ပင်တိုင်ဆောင်းပါးများ ရေးသားလျက် ရှိသည်။

နိုင်ငံတစ်ခု ကြီးပွားခြင်း ခေါင်းစဉ်ဖြင့် နိုင်ငံစီးပွား တိုးတက်ရေးဆိုင်ရာ သီအိုရီများ၊ အမြင်များ၊ လက်တွေ့ ကြီးပွားနေကြသော စင်ကာပူ၊ ဂျပန် စသည့် အရှေ့အာရှ နိုင်ငံများ၏ ဥပမာများကို လည်းကောင်း၊ အင်္ဂလိပ် အီဒီယမ်များကိုလည်းကောင်း အပတ်စဉ် ရေးသားလျက် ရှိသည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် Myanmar Egrees တွင် Leadership, Development Theory and Practice, Mass Communication Theories, Public Relations, Media Literacy, Information Government စသည့် ဘာသာရပ်များ သင်ကြား ပို့ချလျက် ရှိသည်။