သုံးခွမြို့နယ် ၃၃ / ၁၁ ကေဗွီ ၅ အမ်ဗွီအေ ဒေါင့်ကြီးဓာတ်အားခွဲရုံနှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ

Listing Description

ရန်ကုန်   နိုဝင်ဘာ   ၉

သုံးခွမြို့နယ် ၃၃ / ၁၁ ကေဗွီ  ၅ အမ်ဗွီ အေ  (ဒေါင့်ကြီး ) ဓာတ်အားခွဲရုံနှင့် ဖရုံလမ်းခွဲ-အဇန်းတောစွန်း- ပင်လယ် ချောင် ကျေးရွာချင်းဆက်ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်းအနားတို့ကို ယမန်နေ့  နံနက်ပိုင်းက အဆိုပါဓာတ်အားခွဲရုံနှင့် ကျေးလက်လမ်းတို့တွင် ကျင်းပသည်။

ရှေးဦးစွာ ဓာတ်အားခွဲရုံ ကမ္ပည်း ကျောက်စာမော်ကွန်းကို   ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ  ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး ပြီး  ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်က  နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသမကျန်    လျှပ်စစ် ဓာတ်အားရရှိရေးအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး အတွင်း ကျေးရွာ ၃၅၅ ရွာသာ  ကျန်ရှိ တော့ကြောင်း၊    ယူနစ်များခြင်း၊ နည်းခြင်း၊   မီတာမှားယွင်းဖတ်ရှုခြင်း ပြဿနာများအပြင် မီတာခကိုလည်း ဖုန်းမှတစ်ဆင့် ပေးဆောင်သွားနိုင်ရန် နှင့် မီးပျက်သည့်  အိမ်ကို   Control    Center  ကနေ သိရှိပြီး  လာရောက် ပြင်ဆင်ပေးနိုင်ရန်    AMI  ( Advanced Metering Infrastructure) နည်း ပညာစနစ်ကို တပ်ဆင်ပြီးဖြစ်ကြောင်း နှင့် လျှပ်စစ်ဓာတ်အား ရရှိလာသည့် အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာ ရေး၊  ကျန်းမာရေးကဏ္ဍအားလုံး ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ပြော ကြားသည်။

ဆက်လက်၍ လမ်းအရှည် ၈ မိုင် ၆  ဖာလုံ   ပေ  (၄၆၂၀၀)၊  အကျယ် ၁၂ ပေရှိ ဖရုံလမ်းခွဲ - အဇန်းတောစွန်း-ပင်လယ်ချောင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း  ကမ္ပည်းကျောက်စာ မော်ကွန်းအား တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်   အဖွဲ့က   စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြား ပြီး   တိုင်းဒေသကြီး    လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းက ဓာတ်အား ခွဲရုံနှင့် ကျေးလက်လမ်းဖွင့်လှစ်ပေးမှု အပေါ် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။

ဓာတ်အားခွဲရုံအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉ -၂၀၂၀ ဘတ်ဂျက် ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊   ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ပြည်ထောင်စု အစိုးရနှင့်   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏  ဘဏ္ဍာငွေတို့ဖြင့်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့ က အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)