မောင်မောင်တာ (၁၉၂၆ - ၂၀၁၅)

Listing Description

ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ ဦးမောင်မောင်တာ (Mohammed Shafi Ata Sherazee haj)ကို ၁၉၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၌ မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ သူ၏အဘမှာ (Khan Bahadur Hajee Gulam Hussain Sherazee)ဖြစ်ပြီး၊ သူ့အဖိုးမှာ Khan Bahadur Aga Ali Akbar Sherazee (၁၉၁၀-၁၉၂၉) ဖြစ်သကဲ့သို့ မြန်မာပြည်အတွက် ပါရှားကောင်စစ်ဝန် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၁ ခုနှစ်တွင် အလယ်တန်းပညာရေးကို အောင်မြင်ခဲ့ပြီးနောက် မန္တလေးမြို့ အ.ထ.က(၉) ယခင်(စိန့်ပီတာကျောင်း)တွင် အထက်တန်းပညာဆက်လက် သင်ကြားခဲ့သည်။

မောင်မောင်တာ သည် မြန်မာ့တပ်မတော် ဗိုလ်ကြီး ဘဝမှ ရုပ်ရှင်နယ်ဘက်ကို ကူးလာသူ ဖြစ်ပြီး၊ (ဦး) သုခ၊ ဗိုလ်ဗကို စသော ထင်ရှားသည့် သရုပ်ဆောင်များနှင့်အတူ မြန်မာပြည်၌ ဟောလီးဝုဒ် က ပထမဆုံး လာပြီး ရိုက်ကူးခဲ့သော ပထမဆုံး မြင်ကွင်းကျယ် လူထုအောင်သံဇာတ်ကားတွင် ထင်ရှားလာခဲ့သည်။

ဤလူ့ဘောင်တွင်၊ ဒေါက်တာ အောင်ကျော်ဦး၊ ဖြေလျော့ခွေ၊ မျှော်တလင့်လင့် စသော ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာ-ရှီအာမွတ်ဆလင် အဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ကို ကွယ်လွန်ချိန် ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မဂို(ရှီယာ) မွတ်စလင် ဥက္ကဋ္ဌ၊ ရုပ်ရှင်မင်းသားကြီး ဦးမောင်မောင်တာ အသက် (၉၀နှစ်) သည် ၂၆.၃.၂၀၁၅ ည ၉ နာရီခန့်တွင်၊ နေအိမ်၌ ကွယ်လွန်ခဲ့သည်။