ရွှေဘုံသာစေတီ

Listing Description

ရွှေဘုံသာစေတီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်အတွင်း တည်ရှိသည့် ကလေးမြို့၏ မြို့ကျက်သရေဆောင် စေတီတော်ကြီးဖြစ်ပါသည်။ အသောကမင်းကြီးကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရပါသည်။ စေတီတော်အနီးတွင် အသောကရေကန်နှင့် အသောကရေတွင်း ရှိပါသည်။