စိုးပြည့်သဇင်

Listing Description

၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဦးစိုးနိုင်နှင့် ဒေါ်မာလာခင်တို့မှ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ မွေးဖွားခဲ့သည်။ မင်းသမီး စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာနှင့် အဆိုတော် စန္ဒီမြင့်လွင်တို့နှင့် ညီအမ ဝမ်းကွဲတော်စပ်သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ မြန်မာစာမေဂျာဖြင့် ဘွဲ့ရရှိခဲ့သည်။

ငယ်စဉ်ကတည်းက ကျောင်းပြိုင်ပွဲများတွင် ဂစ်တာတီးခြင်း၊ စန္ဒယားတီးခြင်းတို့၌ ဆုများစွာ ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ကာ ရုပ်ရှင်များ ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မင်းသမီးအဖြစ် ကျော်ကြားလာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မိုးညအိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။ အနုပညာသက်တမ်းတစ်လျှောက် ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော် ပါဝင်သရုပ်ဆောင်ထားသည်။

၂၀၁၂ ခုနှစ်တွင် ပထမဦးဆုံး အယ်လ်ဘမ် “ချစ်သူရွေးမယ်” တေးစီးရီး ထွက်ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် “အချစ်ကိုရှာဖွေတွေ့ရှိခြင်း” mini album ထွက်ရှိခဲ့သည်။