ရှင်အရဟံခြေတော်ရာ

Listing Description

ကျောက်ပန်းတောင်းမြို့ မီးရထားဘူတာရုံအရှေ့ဘက် မင်းပုန်းတောင်ခြေရှိ အရာတော်တောင်ပေါ်တွင် တည်ရှိသည်။ အနော်ရထာမင်းသည် နောင်တော် စုက္ကတေးမင်း နန်းတက်ချိန်တွင် မင်းပုန်းတောင်၌ပုန်းခိုခဲ့ပြီး ၁၂ နှစ်ကြာ လူသူလက်နက် စုဆောင်းခဲ့ကာ အင်အားရရှိချိန်တွင် နောင်တော်ကို တိုက်ခိုက်၍ အောင်မြင်ခဲ့ပြီး အနော်ရထာမင်း နန်းတက်ချိန်တွင် ရှင်အရဟံမထေရ်မြတ်က အောင်မြေအဖြစ် မင်းပုန်းတောင်အနီးရှိ ကျောက်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ ချထားခဲ့သည်ဟု သမိုင်းကြောင်းအရ သိရှိရပါသည်။