ရွှေလိပ်တူးဘုရား

Listing Description

ရွှေလိပ်တူးဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ၊ ထီးလိုမင်းလိုဘုရား၏ အရှေ့မြောက်ဘက်၊ ညောင်ဦး-ပုဂံမြို့ဟောင်းသွားကားလမ်းဘေးတွင် တည်ရှိပါသည်။ ရွှေလိပ်တူးဘုရားမှာ မြောက်ဘက်မျက်နှာလည့် ဂူဘုရားငယ်တစ်ဆူဖြစ်ပြီး ၂၀၁၆ ခုနှစ် ပုဂံငလျင်တွင် ဘုရားအထွဋ်တော်နှင့် အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သည်။ လိုဏ်အတွင်း အလယ်မဏ္ဍိုင်၏ လေးမျက်နှာတွင် ပလ္လင်တံကဲများကို အင်္ဂတေပန်းလက်ရာမြောက်စွာ အမွန်းပန်းဆင်ထားသော ဆင်းတုတော်များနှင့် ယင်းဆင်းတုတော်များအထက်တွင် နတ်၊ ကိန္နရီ ကိန္နရာနှင့် မက္ကာန်းအရုပ်များ တန်ဆာဆင်ထားရှိပါသည်။ ပုဂံတွင်တည်ရှိသော ဘုရားစေတီများအနက် ရှေးဟောင်းမြန်မာစာကို နံရံ၌လှပသောလက်ရေးအက္ခရာဖြင့် ကဗ္ပည်းမင်စာ ၃၆ ကြောင်းကို ယင်းရွှေလိပ်တူးဘုရား၌ ကွန်ပျူတာဖောင့် ပုံစံအလား ထူးခြားစွာ တွေ့မြင်လေ့လာနိုင်ပါသည်။