ရွှေဂူကြီးစေတီတော်

Listing Description

တောင်ငူမြို့၊ ပန်းလှိုင်ရပ်တွင် တည်ရှိပါသည်။ သီရိဓမ္မာအသောကမင်းကြီးကောင်းမှု စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရသည်။ စေတီတော်ကို သက္ကရာဇ် ၆၄၁ ခုနှစ်တွင် တောင်ငူ၌ နန်းတက်ခဲ့သည့် သဝန်မင်းကြီးကလည်းကောင်း၊ သက္ကရာဇ် ၆၈၇ ခုနှစ်တွင် နန်းတက်သည့် ကရင်ဘမင်းသည်လည်းကောင်း ပြုပြင်မွမ်းမံခဲ့ကြသည်။ ထို့နောက် နှစ်ကာလရှည်ကြာသဖြင့် ပြိုပျက်နေသည့် စေတီတော်ကို သက္ကရာဇ် ၁၃၁၃ ခုနှစ်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ညောင်ပင်တန်းရပ်မှ ဦးစံဖေနှင့် ညီတော်စပ်သူ ဦးညီပုတို့က ပြန်လည်ပြုပြင်မွမ်းမံ တည်ထားကိုးကွယ်ခဲ့သည်။ ထို့ပြင် သီဟိုဠ်မှ ဝန်ကြီးချုပ်ဦးနု သယ်ဆောင်လာခဲ့သည့် ဓာတ်တော်များကို ဌာပနာခဲ့ကြသည်။ ထီးတော်တင်ပွဲကို သက္ကရာဇ် ၁၃၁၄ ခုနှစ်၊ ကဆုန်လဆုတ် ၂ ရက်နေ့တွင် ကျင်းပပူဇော်ခဲ့ပါသည်။