လေးကျွန်းကန်တော်ကြီး

Listing Description

ကေတုမတီတောင်ငူမြို့၏ သမိုင်းဝင် ကန်တော်ကြီးသည် ဘုရင်မင်းကြီးညိုလက်ထက် ခရစ်နှစ် ၁၅၁ဝမှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ နှစ်ပေါင်း ၅၁၀ နှစ်ခန့် ရှိပြီဖြစ်ပါသည်။ တောင်ငူမြို့ စတည်စဉ်ကပင် ကန်တော်ကြီးအား မြို့ရိုးနှင့်ကျုံးအတွင်း ထည့်သွင်း၍ တည်ဆောက်ခဲ့သဖြင့် ယခုတိုင် မြို့ဂုဏ်ဆောင် ကန်တော်ကြီးအဖြစ်တည်ရှိနေပါသည်။ ကန်တော်ကြီးသည် စတုရန်းပုံရှိပြီး ရှေးဘုရင်များ ရေကစားရာ၊ လှေပွဲသဘင်များကျင်းပရာ နေရာလည်း ဖြစ်ပါသည်။ လေးကျွန်းကန်တော်ဟု ခေါ်ဆိုရခြင်းမှာ ငှက်ပျောကျွန်း၊ အုန်းကျွန်း၊ လိမ္မော်ကျွန်း၊ စံပယ်ကျွန်းဟူသော ကျွန်းကြီး လေးကျွန်း ပါဝင်သောကြောင့်ဖြစ်ပါသည်။ ယခုအခါတွင် ကန်တော်ကြီး၏ သန့်ရှင်းသပ်ရပ်မှုအတွက် သံဆန်ခါ ကွန်ကရစ်တိုင်များဖြင့် ခြံစည်းရိုးကြီးကာရံထားပြီး မြို့သူမြို့သားများ အနားယူအပန်းဖြေရန် ကန်ပတ်လည်တွင် ကွန်ကရစ်လမ်းများ ခင်းထားပေးခြင်း၊ ကန်အတွင်းအပျော်စီးလှေငယ်များ စီးနင်းအပန်းဖြေခြင်းများဖြင့် ကေတုမတီတောင်ငူမြို့ရှိ ကန်တော်ကြီးမှာ အပန်းဖြေဥယျာဉ်အဖြစ် သန့်ရှင်းသပ်ရပ် သာယာလှပလျှက်ရှိနေပါသည်။