ကော့ကသောင်ဂူ

Listing Description

ကော့ကသောင်ဂူသည် ဘားအံမြို့၏တောင်ဘက် ၇ မိုင်ခန့်အကွာ ကော့ကသောင်ရွာတွင် တည်ရှိပါသည်။ ဂူအဝကျယ်ပြီး အထဲသို့ ကျဉ်းသွားကာ တစ်ဘက်ပိတ်ဂူ အမျိုးအစားဖြစ်ပါသည်။ ဂူအဝင်ဝတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ထုလုပ်ထားပါသည်။ ဂူအတွင်းတွင် အုတ်ခွက် ရုပ်ပွားတော်များ ကျောက်ဂူ အပေါ်ဘက်တွင် ကပ်ထားပြီး ထိုင်တော်မူ ရုပ်ပွားတော်များလည်း တွေ့ရှိရပါသည်။ နှောင်းခေတ်လူတို့ လှုဒါန်းထားသည့် အုတ်ခွက်ဘုရား အများအပြားလည်းရှိပါသည်။ အလွန်ရှားပါးသည့် ရှေးဟောင်း မွန်လက်ရာဟု ယူဆ ရသည့် အုတ်ခွက်အချို့ ဂူအတွင်းပိုင်းတွင်ရှိကြောင်း သိရှိရပါသည်။ ရှေးအဆက်ဆက် သာသနာရေးအရ ကိုးကွယ်လှူဒါန်းလာခဲ့ရာ ရှေးဟောင်း ဂူတစ်ဂူဖြစ်ပါသည်။