ဆဒ္ဒန်ဂူ

Listing Description

ဆဒ္ဒန်လိုဏ်ဂူတော်သည် ဘားအံ မြို့မှ ၁၃ မိုင်ကွာဝေးသော  ဘားအံ-ကော့ကရိတ်  လမ်းမကြီးပေါ်တွင် တည်ရှိပြီး အိန္ဒုကျေးရွာမှတစ်ဆင့် တောင်ဘက်သို့သွားရသော ကော့မှုး တာကျေးရွာအုပ်စု ကော့ဝါးဆူးကျေးရွာ အနီးတွင် ရှိပါသည်။ ဆဒ္ဒန်ဂူသည် တိုးလျှိုးပေါက် ဂူတစ်ဂူဖြစ်ပါသည်။ ဂူပေါက်ဝသည် မြေပြင်မှ အမြင့်ပေ ၅၀ ခန့်ရှိသဖြင့် အုတ်လှေကားများဖြင့် တက်ရောက်နိုင်သည်။ ရှေးဟောင်းကျောက်ကပ်အုတ်ခွက်ဘုရား ထောင်ဂဏန်းတို့ကို ကပ်လှူထားသော အရာများကိုသာတွေ့ရပြီး  အမြင့်ဆုံးတွင်ရှိသော လေးဆူ၊ ငါးဆူခန့်သာ ကျန်ရှိပါသည်။ ဂူအတွင်းပိုင်းတွင် ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းဘဝက ဖြစ်စဉ်အဆင့်ဆင့်ကို သဘာဝအတိုင်း အံ့ဩဖွယ်ရာများကို တွေ့နိုင်ပါသည်။ ဆဒ္ဒန်ဂူ၏အတွင်းဘက်ရှိ ကြည်လင်စိမ်းလန်းနေသော ရေကန်ကြီးတွင် လှေစီးကာ လိုဏ်ဂူကိုလှည့်ပတ်ကြည့်ရှုနိုင်ပါသည်။ လှေဖြင့် လိုဏ်ဂူ အပြင်သို့ ထွက်သည့်အခါတွေ့မြင်ရသော လိုဏ်ဂူအတွင်း အပြင် ရှုခင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။