ချစ်သူမြိုင်ဥယျာဉ်

Listing Description

ဘားအံမြို့ မြို့အပြင်ရှိ ချစ်သူမြိုင်ဥယျာဉ်သည် သစ်ခွပန်းမျိုးစိတ်များစွာနှင့် အခြားသော ပန်းမျိုးစိတ်ပေါင်းများစွာကို ဂရုတစိုက်ထိန်းသိမ်းအလှဆင်ထားသော အပန်းဖြေ ဥယျာဉ်တစ်ခုအဖြစ် ထင်ရှားပါသည်။ ဥယျာဉ်အတွင်းတွင် ကလေးငယ်များအတွက် ခေတ်မီ အားကစားကွင်းများ၊ Game city အဆောက်အဦးများ တည်ရှိပြီး လူကြီးများအတွက် Jet ski စီးနိုင်သော ကန်ရေပြင်ကျယ်ကြီးတစ်ခုလည်းရှိပါသည်။ ဥယျာဉ်တွင် အဲပုဂံလေကြောင်းလိုင်းမှ အသုံးမပြုတော့ဘဲ လှူဒါန်းထားသည့် Fokker 100 လေယာဉ်ကြီးရှိသော ချစ်သူမြိုင် ကော်ဖီဆိုင်လည်းရှိပါသည်။ ညနေပိုင်းအချိန် သွားရောက်လည်ပတ်ရန် ပိုမိုသင့်တော်ပါသည်။