ရန်ကင်းတောင်

Listing Description

ရန်ကင်းတောင် သည် မန္တလေးမြို့ ၏ အရှေ့ဘက်၊ (၅)မိုင်ခန့်အရပ်၊ မန္တလေးမြို့ရိုး၊ ဦးထိပ်တံတားမှသည် အရှေ့ဘက် ၄ မိုင်အကွာ ပုသိမ်ကြီးမြို့နယ်၏ အလယ်တွင် တည်ရှိသော တောင်တစ်တောင် ဖြစ်ပြီးအမြင့်ပေ ၇၀၆ ပေ မြင့်၍ တောင်မြောက်အလျား ၆၆၀၆ ပေ ရှိပါသည်။ တောင်ပေါ်တွင် ငါးရံ့မင်းစေတီ၊ မေတ္တာကုမဒြာရုပ်ပွားတော်၊ ငါးရံ့မင်းရုပ်တု၊ စကြာမာရ်အောင်စေတီ၊ ဣစ္စာသရဆုတောင်းရစေတီ၊ လွမ်းစေတီ အစရှိသော စေတီဘုရားများ နှင့် သဘာဝအလျောက်ထူးခြားစွာ ဖြစ်ပေါ်နေသော ငါးရံ့မင်းဂူ၊ ရသေ့ညီနောင်ဂူ(တွင်းညီနောင်ဂူ)၊ အောင်ဗုဒ္ဓဂူ ၊အောင်သိဒ္ဓိဂူ၊ နတ်နဂါးဂူ၊ ဓမ္မသိဒ္ဓိဂူ၊ ဝင်္ကပါဂူ၊ ဂူသစ်၊ ဖားဂူ စသည့်ဂူများတည်ရှိပါသည်။ တောင်ခြေရှိ အတုလမဟာမြကျောက်စေတီကျောင်းတော်ပရဝုဏ် အတွင်းမှ တူးဖော်ထွက်ရှိသော သဘာဝရေသည် လူတို့ပြုပြင်ထုတ်လုပ်ထားသော သောက်ရေသန့် (Spring Water) ရေသန့်များတွင် ပါဝင့်သည့် ဓာတ်ပစ္စည်းအချိုးအစားနှင့် ထပ်တူညီမျှတစွာ ပါဝင်သောကြောင့် ကမ္ဘာ့အဆင့်မီသဘာဝသောက်ရေသန့် ဟုထင်ရှားပါသည်။