ဂျိုင်းတံတား (ဇာသပြင်)

Listing Description

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကြားရှိ ဂျိုင်းမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော သံမဏိကြိုးတံတား တစ်စင်း ဖြစ်သည်။ အရှည်မှာ ၁.၅ ကီလိုမီတာ (၄,၉၀၀ ပေ) ရှိကာ ဇာသပြင်အနောက်ရွာ၊ ဘားအံမြို့နယ် နှင့် ခရုံရွာ၊ ကျိုက်မရောမြို့နယ် တို့ကို ဆက်သွယ်ထားသည်။ ဘားအံ-မော်လမြိုင်ကားလမ်းပေါ်တွင် တည်ရှိသည်။ ၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ပြီးစီးခဲ့သည်။ သံမဏိကြိုးဆွဲထားသောနေရာတွင် သံများခင်းထားသည်။