သေဋ္ဌမာရ်အောင်ဘုရား

Listing Description

သေဋ္ဌမာရ်အောင်ဘုရားသည် ကရင်ပြည်နယ်၊ ဘားအံမြို့မြောက်ဘက်ပိုင်း၊ ဗိုလ်ချုပ်လမ်းထောင့်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၂၈၁ ခုနှစ်တွင် ဘားအံမြို့၊ ရဲကျောင်းဘုန်းတော်ကြီး ဦးအာဒိစ္စရန် ကြီးမှူး၍ အများဒါယကာများစုပေါင်းလှူဒါန်းမှုဖြင့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော် ပြုလုပ်ကိုးကွယ်ခဲ့ကြရာ သက္ကရာဇ် ၁၂၈၄ ခုနှစ်တွင် ရုပ်ပွားတော် ပြုလုပ်ပြီးစီးခဲ့ပါသည်။ ရုပ်ပွားတော်သည် ဉာဏ်တော် ၉ တောင် ၁ မိုက်ရှိပြီး ကြေးပိဿာချိန် ၄၆၀၀ ရှိပါသည်။ မာရ်ငါးပါးကို အောင်မြင်တော်မူသည့် မြတ်စွာဘုရားကို ကိုယ်စားပြုကာ ရုပ်ပွားတော်ကို “သေဋ္ဌမာရ်အောင်” ဟု သမုတ်ခဲ့ပါသည်။ နှစ်စဉ် တပို့တွဲလ၌ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပါသည်။