ဂျိုင်းမဟာမုနိစေတီတော်

Listing Description

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာတွင် တည်ရှိသည်။ ပုဂံခေတ်အလောင်းစည်သူမင်းကြီး ဖောင်တော်ဆိုက်ရာတွင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်ဖြစ်သည်ဟု သိရသည်။ စေတီတော်မှာ ရှေးအခါက ဘုရင်အဆက်ဆက်တို့ ကိုးကွယ်ခဲ့ကြသော်လည်း ကာလကြာသောအခါ ချုံနွယ်များပိတ်ဖုံး ပျောက်ဆုံးလျက်ရှိရာမှ ကျိုက်ထီးဆောင်းဆရာတော် ဦးဆောင်၍ ချုံနွယ်များရှင်းလင်းကာ ရှေးဟောင်းမူလစေတီတော်ကိုငုံပြီးလျှင် စေတီတော်အသစ် တည်ထားကိုးကွယ်ခဲ့ပါသည်။ သက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် (၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်) နေ့တွင် ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနာဂဒီပ၏ ကြီးကြပ်မှုဖြင့် လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်း ကပ်လှူခြင်းနှင့် ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်၊ ရွှေထီးတော်များကို အသစ်တစ်ဖန်ဆက်ကပ် တင်လှူပူဇော်ခဲ့ပါသည်။