ကျောက်ကလပ်စေတီတော်

Listing Description

ကျောက်ကလပ်စေတီသည် ဘားအံမြို့နယ် ကော့လိုင်ကျေးရွာရှိ   ရေကန်အလယ်မှ ထုံးကျောက်တောင် ပေါ်တွင် တည်ထားပြီး သံလွင်တံတားမှ သုံးဖာလုံခန့်သာဝေးပါသည်။ သာမညဆရာတော်ကြီး၏  ကိုးနဝင်း အတိတ်နိမိတ်ဖြင့်တည်ထားသော စေတီဖြစ်သည်ဟုသိရပြီး သမိုင်းဝင်ဆံတော်ရှင်တစ်ဆူဖြစ်၍ ထင်ရှားပါသည်။ နေ့စဉ်နေ့တိုင်းလာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးများကို စတုဒီသာများ ကျွေးမွေး လှုဒါန်းနေသော နေရာဖြစ်ပါသည်။