Gold Luck Water Park (Lashio)

Listing Description

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၁၁)၊ ဂေါက်ကလပ် အနီး၊ သစ္စာလမ်းတွင် တည်ရှိသည်။  Gold Luck Water Park သည် ရှမ်းပြည်နယ်တွင် အကြီးဆုံးနှင့် ယနေ့ခေတ်အဆင့်မှီ နိုင်ငံတကာ စံချိန်စံညွှန်းများဖြင့် ကိုက်ညီစွာတည်ဆောက်ထားသည့် နိုင်ငံတကာအဆင့်မှီ ရေပန်းဥယျာဉ်ကြီးတစ်ခုဖြစ်သလို လာရောက်လည်ပတ်အပန်းဖြေသူများ၊ ရေကစားကြသူများ၊ Swimming Pool အတွင်း ရေကူးကြသူများ၊ လှေလှော်ကွင်းတွင်း အေးချမ်းလုံခြုံစွာလှေစီးခြင်း၊ သဘာဝပင်လယ်ရေလှိုင်းကဲ့သို့ ရေလှိုင်းတုစီးပြီး ရေကစားကြသူများ၊ မျှားပစ်အားကစားပြုလုပ် နိုင်သည့် မျှားပစ်အားကစားကွင်း၊ KTV မိသားစုသီဆိုနိုင်သော သီးသန့်ခန်းများ၊ ကလေးကစားကွင်း၊ တိုက်ကားကွင်း စသည့် လူကြီးလူငယ်မှသည် ကလေးများထိကိုပင် ပျော်ရွှင်စွာ လည်ပတ်အပန်းဖြေနားနေရန်အတွက်  အကောင်းဆုံးရေပန်းဥယျာဉ်ကြီးတစ်ခုဖြစ်ကြောင်း ဒေသခံပြည်သူများက မှတ်ချက်ပြုထားကြပါသည်။ ပန်းအလှပင်များအား စနစ်တကျ လှပသပ်ရပ်စွာ စိုက်ပျိုးထားရှိပြီး ဥယျာဉ်ပတ် လမ်းတလျှောက် လှည့်လည်လမ်းလျှောက်ကာ တောတောင်သဘာဝလေကို ခံစားရှူရှိုက်နိုင်သည့် နေရာကောင်း တစ်ခုဖြစ်ပါသည်။