လားရှိုးသိန်းအောင် (၁၉၄၆ -၂၀၁၈)

Listing Description

လားရှိုးသိန်းအောင် ခေါ် ဦးဂျင်မီဂျက်ကို ၁၉၄၆ ခုနှစ်တွင် ရှမ်းပြည်နယ် လားရှိုးမြို့၌ မွေးဖွားခဲ့သည်။

၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တစ်ဦးနှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်၊ သား နှစ်ယောက်ထွန်းကားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တကိုယ်တော်ရှိုး ပြုလုပ်ခဲ့ပြီး အဆိုပါ ရှိုးပွဲသည် သူမြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြုလုပ်ခဲ့သော ရှိုးပွဲလည်း ဖြစ်ပါသည်။

၂၀၁၈-ခု၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့တွင် ဒေသစံတော်ချိန် ည ၂ နာရီခွဲ အချိန်၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၂-နှစ် ရှိပြီ ဖြစ်သည်