ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီ

Listing Description

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့အဝင်မုခ်ဦးအနီးတွင် တည်ရှိပါသည်။ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ပုံတူ စေတီတော်ဖြစ်ပြီး ၂၀၀၆ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ စေတီတော်ကို လိုဏ်ခံ၍ တည်ဆောက်ထားပြီး လိုဏ်အတွင်း၌ ဗုဒ္ဓရုပ်ပွားတော်များ ဖူးမြင်ရပါသည်။ စေတီတော်၏အရှေ့ဘက်တွင် ၂၀၀၃ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သော ဉာဏ်တော်အမြင့် ၅၅ ပေရှိ နဂါးရုံဘုရားကိုလည်း ဖူးမြင်တွေ့ရပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် စည်ကားစွာ ကျင်းပပါသည်။