မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်တွင် တည်ရှိသည်။ ၁၉၀၃ ခုနှစ်တွင် မင်းကုန်တောင်ရှားနှင့် ထင်းကြိုးဝိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ရည်ရွယ်ကြောင်း ကြေညာခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မင်းစုံတောင် ဘေးမဲ့တောအဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။ ၂၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ဧရိယာတစ်ခုလုံးတွင် ခြောက်သွေ့တောများဖုံးလွမ်းထားပြီး မြန်မာ့ဒေသမျိုးရင်းဖြစ်သော စွေ့ငှက်(White-throated Babbler)၊ နဖားကြူး(Hooded Treepie)၊ မြန်မာဘီလုံး(Burmese Bushlark)တို့အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၇၀ ကျော် ကျက်စားနေထိုင်ကြသည်။ ချေ(ဂျီ)၊ ကြောင်ကတိုး၊ ရှဉ့်၊ ကြွက်နှင့် လင်းနို့များလည်း ကျက်စားနေထိုင်ကြသည်။ တွားသွားသတ္တဝါ ၂၆ မျိုး၊ ကုန်းနေရေနေ သတ္တဝါ ၉ မျိုး၊ လိပ်ပြာအမျိုးပေါင်း ၅၀ ကျော်လည်း စစ်ဆေးစာရင်းတွင်ရှိသည်။ မျိုးတုံးလုနီးပါးဖြစ်နေသော မြန်မာ့ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ်များကို တွေ့ရသည်။