ကော့သောင်းမြို့၌ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ ဆိုက်ကပ်စစ်ဆေးမည့် တံတားတစ်စင်းဆောက်လုပ်ပြီးစီး

Listing Description

ကော့သောင်း   ဒီဇင်ဘာ   ၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးတင်၊ ငါးချရန်နှင့် ရေထွက်ကုန်ပစ္စည်းများ စစ်ဆေး နိုင်ရန်အတွက်   FREE  ON   BOAT  (FOB) စစ်ဆေးရေးတံတားတစ်စင်းကို ကော့သောင်း မြို့ ရွှေဟင်္သာရပ်ကွက်အတွင်းရှိ ကမ်းနီး၊ ကမ်း ဝေး ငါးလုပ်ငန်းကုမ္ပဏီများတည်ရှိရာ ရေလုပ် ငန်းကဏ္ဍ၌ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့အနေဖြင့် ရေထွက်ကုန် တင်ပို့ရောင်းချမှုဖြင့် နိုင်ငံတော်အတွက် နှစ်စဉ် နိုင်ငံခြားငွေ  ရှာဖွေပေးရာမြို့ဖြစ်သော်လည်း

ယခင်က  ရေထွက်ကုန်ပစ္စည်း တင်ချစစ်ဆေး ရန် နိုင်ငံတော်ပိုင် ဆိပ်ခံဗောတံတားမရှိခဲ့သည့် အတွက်  ပုဂ္ဂလိကပိုင်  ဆိပ်ခံတံတားများတွင် လုပ်ငန်းအဆင်ပြေစေရေး ဆိုက်ကပ်စစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ငါးလှေများစစ်ဆေးရာတွင် လုပ်ငန်းကြန့်ကြာမှုများဖြစ်ပေါ်နေသဖြင့်  ယခုနှစ်  မေလအတွင်းက စတင်ကာ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၀ ဖြင့် ချဉ်းကပ်လမ်း အရှည် ပေ ၅၀၊ အကျယ်ပေ ၂၀ နှင့် ဆိပ်ခံတံတား အရှည် ပေ ၂၀၀၊  အကျယ်ပေ ၅၀ ရှိ  သံကူကွန်ကရစ် တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်ပေး ခဲ့ခြင်းဖြစ်သည်။

ကော့သောင်းခရိုင်အနေဖြင့်  ကိုဗစ်-၁၉ ကပ်ရောဂါ       မကျရောက်မီကာလများက တစ်နေ့လျှင် ပျမ်းမျှ ငါးလှေ ၃၁ စီးခန့်ဖြင့် ငါးတန်ချိန် ၁၀၀၀  ကျော်ကို   ထိုင်းနိုင်ငံငါးဈေးကွက်သို့  တင်ပို့နိုင်ခဲ့ကာ တစ်နေ့လျှင် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၉၅  သန်းခန့်      ရှာဖွေပေးနိုင်ခဲ့ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး   ဦးသန့်ဇင်က  ပြောကြား သည်။

ယခု ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလ အတွင်း ရေလုပ်ငန်းများရပ်နားထားရပြီး လာ မည့်  ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ရေလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကမ်းနီး၊ ကမ်းဝေး  ငါးဖမ်းရေယာဉ်များနှင့် ငါးသယ်ရေယာဉ်များ FREE ON BOAT (FOB)  ဆိပ်ကမ်းရောက်တန်ဖိုး စစ်ဆေးမှုလုပ်ငန်းများ ကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)