ဒေါက်တာနေဇင်လတ်

Listing Description

၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဖ ဦးယုထော်၊ အမိ ဒေါ်ကြင်နုတို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ နေဇင်လတ် ဖြစ်သည်။

၁၉၅၈ ခုနှစ်တွင် St. John Diocesan Boy’s School (လမ်းမတော် အထက-၁) မှ မူလတန်း အောင်ပြီး ၁၉၆၆ ခုနှစ်တွင် အလယ်တန်းကို အထက (၁) တောင်ဥက္ကလာပတွင် သင်ယူခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ အထက (၆) ဗိုလ်တထောင်မှ အထက်တန်း အောင်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်မှ ဗိသုကာဘွဲ့ (B.Arch) ရရှိခဲ့သည်။ MBA (ADAM University, US), Doctor of Business Administration ကို (Brookes University, UK) မှ ရရှိခဲ့သည်။ H.G.P., D.A., Dip in English, DL 101, Cert: Advance Diplomatic Skill သင်တန်းများ အောင်မြင်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၆၁) သို့ တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အမှတ် (၉၀၁) စစ်မြေပြင် အင်ဂျီနီယာ တပ်ခွဲ၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အမှတ် (၉၅၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။

နေဇင်လတ်သည် ၁၉၇၃ ခုနှစ်မှစ၍ ရန်ကုန် စက်မှုတက္ကသိုလ် မဂ္ဂဇင်း၊ တံခွန်၊ သပြေမဂ္ဂဇင်းများတွင် စာပေများကို စတင် ရေးသားခဲ့သည်။

၁၉၉၈ ခုနှစ်တွင် ပုလဲမြို့ပြ မဂ္ဂဇင်းတွင် စာပေများကို ပြန်လည် ရေးသားခဲ့ပြီး စက်မှုတက္ကသိုလ် မဂ္ဂဇင်း၊ တံခွန်၊ သပြေ၊ ပုလဲမြို့ပြ၊ ရွှေအမြုတေ၊ ပန်၊ သဇင်၊ Executive၊ CEO၊ Life Style၊ Ecovision၊ Fashion Image၊ Perfect စသည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။

၁၉၇၃ ခုနှစ်မှစ၍ ခေတ်သစ်လူသားတို့ ကျင်လည် လှုပ်ရှားရသည့် စီးပွားလူမှု ဆိုင်ရာ၊ ဗဟုသုတ ဆိုင်ရာ ဆောင်းပါးများကို ရွှေအမြုတေ မဂ္ဂဇင်း၊ CEO မဂ္ဂဇင်းတို့တွင် အဆက်မပြတ် ရေးသားခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်အချို့ -

ပညာခေတ်နှင့် မြင့်မားစံနှုန်း  ၂၀၀၄ 

လူ သို့မဟုတ် အနာဂတ်ဖြင့် ရှင်သန်သူ       ၂၀၀၄ 

10 Days, MBA         ၂၀၀၅ 

ပညာမတတ်သော ပညာရှိ၊ ပညာမရှိသော ပညာတတ်       ၂၀၀၅ 

ခေါင်းဆောင် – ခေါင်းဆောင်မှုနှင့် ကမ္ဘာ့အမြင်       ၂၀၀၇ 

စိန်ခေါ်မှုများနှင့် မဟာဗျူဟာ စီမံခန့်ခွဲမှု      ၂၀၀၇ 

လုပ်ခွင့်ရသူ လုပ်နိုင်သူ         ၂၀၀၈ 

လူတော်လား လူကောင်းလား ၂၀၀၈ 

ဦးဆောင်သူ ဘယ်လောက် အရေးကြီးသလဲ ၂၀၀၈ 

အမွေပေးသူဆိုရာမှာ  ၂၀၀၈ 

ဦးဆောင်ခြင်းသည် ခေါင်းဆောင်မဟုတ်      ၂၀၀၈ 

စီးပွားဖျက်သူလျှို (၁) ၂၀၀၈ 

New 10 Days, MBA  ၂၀၀၉ 

ပီတာဒရပ်ကာ ၂၀၀၉ 

ယုံကြည်မှုအပေါ် နားလည်ခြင်းနှင့် လက်တွေ့ လုပ်ငန်းခွင် အင်တာဗျူး    ၂၀၀၉