အဲလစ်အုန်း (Alice Ong)

Listing Description

၁၉၉၄ ခုနှစ် ဩဂုတ်လ ၈ရက်နေ့ တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ ၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက် ရှိသည့် အနက်မှ အကြီးဆုံး သမီးဖြစ်သည်။ HND ဒီပလိုမာ ကို Victoria University College မှ ၂၀၁၅ခုနှစ် တွင် ဘွဲ့ရခဲ့ ပြီး BA honors အား University of Wolverhampton မှ ၂၀၁၈ခုနှစ် တွင် ရခဲ့သည်။ တောင်ကြီးမြို့ မှ ရန်ကုန်မြို့ သို့ မိဘများ ကွာရှင်းပြီးနောက်ပိုင်းတွင် မိခင်နှင့်အတူ ပြောင်းရွေ့လာခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အလှမယ်မော်ဒယ် အဖြစ်စတင်လှုပ်ရှားခဲ့ပြီး မဂ္ဂဇင်း မျက်နှာဖုံး အတွက်လည်း မော်ဒယ်အဖြစ်လုပ်ကိုင်ခဲ့သည်။ မင်းသမီး အဖြစ် Miss Asia Yangon Myanmar (2015) ပြိုင်ပွဲ ပြီးနောက်ပိုင်းတွင် လုပ်ကိုင်ခဲ့သည်။ အဲလစ်၏ပထမဆုံး ရုံတင်ရုပ်ရှင်ကားမှာ မျက်နှာပြင်များ (Dimensions) ဖြစ်ပြီး ခေါင်းဆောင်မင်းသမီး အဖြစ် သရုပ်ဆောင် ခါရာ နဲ့အတူ သရုပ်ဆောင်ခဲ့သည်။ အဆိုပါ ရုပ်ရှင်အား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့ တွင် ပြည်တွင်း၌ ရုံတင်ခဲ့ပြီးနောက်ပိုင်း စင်ကာပူနိုင်ငံတွင်လည်း ရုံတင်ခဲ့သည်။ အဲလစ်၏ ဒုတိယမြောက် ရုပ်ရှင်မှာ ဘယ်လာနှင့် ကျွန်တော် ဖြစ်ပြီး ၂၀၁၇ မေလ တွင် ဖြန့်ချိခဲ့သည်။

၂၀၁၇ခုနှစ် တွင် CANAL+မြန်မာ ၏ ချာတိတ် နှင့် ပူတူတူး ရုပ်သံလိုင်းများ၏ အရောင်းသံတမန် ( brand ambassador) အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ၂၀၁၈ခုနှစ်တွင် လည်း Vivo လက်ကိုင်ဖုန်း ၏ အရောင်းသံတမန် ( brand ambassador) အဖြစ် ခန့်အပ်ခြင်း ခံရသည်။