စမိုင်းလ်

Listing Description

၁၉၈၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း မသံသာထူး ဖြစ်သည်။ ရုပ်ရှင်မင်းသမီးကြီး ခင်လေးဆွေ ၏ မြေးဖြစ်သည်။ အမတစ်ယောက်ရှိသည်။ လန်ဒန်မြို့ Uxbridge College တွင် ပညာသင်ကြား ခဲ့သည်။

၁၉၉၈ ခုနှစ် အသက် ၁၄ နှစ်အရွယ်တွင် မော်ဒယ်လ်လောကသို့ စတင်ဝင်ရောက်လာခဲ့ပြီး မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံများနှင့် တီဗီကြော်ငြာများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ဒွေး၊ အိန္ဒြာကျော်ဇင်တို့နှင့်အတူ “အချစ်သည်လေပြေ” ရုပ်ရှင်ဇာတ်ကားတွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမ၏ သရုပ်ဆောင်ပီပြင်မှုကြောင့် ပရိသတ်များ သတိထားမိလာခဲ့သည်။

၂၀၀၂ ခုနှစ်တွင် “ကျားမှီးဆွဲကိုကို မျောက်မူးလဲမမ” ရုပ်ရှင်ဇာတ်ကားကြီးတွင် အဓိကဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုရရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အင်္ဂလန်သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် သူမ၏ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ် “New Me” တေးစီးရီး ထွက်ရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် “ဂယက်တွေပါဟယ်” အပါအဝင် ဇာတ်ကား ၄ ကားတွင် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် "Sharing Is Caring" စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ လက်ရှိအချိန်အထိ သူမသည် ဗီဒီယိုဇာတ်ကားပေါင်း ၁၂၅ ကားကျော် ပါဝင်သရုပ်ဆောင်ခဲ့သည်။ စမိုင်းလ်သည် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပြီး VMG Group of Companies လက်အောက်ရှိ VMG Telecoms နှင့် Ytalk ကို ပိုင်ဆိုင်ထားသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုပြည့်မောင်နှင့် လက်ထပ်ခဲ့ပြီး စုနန္ဒီမောင်နှင့် စုရတီမောင် ဟုခေါ်သော သမီးနှစ်ယောက်ထွန်းကားခဲ့သည်။

 

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-11-18 19:14:15

အမကြော်ညာဆို

fantasty orange