ကြည့်မြင်တိုင်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

Listing Description

ရန်ကုန် နိုဝင်ဘာ ၁

ကြည့်မြင်တိုင်မြို့နယ် ဘောဂရပ်ကွက် တော်ဝင်လမ်းအတွင်း၌ နို၀င်ဘာ ၁ ရက် ည ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားသည်။

ဖြစ်စဉ်မှာမီးလောင်သည့်အိမ်၏ ခြေရင်းခန်းတွင်နေထိုင်သူ ဦးစိုးနေလင်း ၏ မီးဖိုခန်းရှိ ရေခဲသေတ္တာပေါ်တွင် ဖယောင်းတိုင်တင်ထွန်းရာမှ ပြုတ်ကျ၍ မီးလောင်ရခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြမှုအရ သိရသည်။ ထို့အပြင်မီးလောင်ချိန်၌အခန်းပိုင်ရှင်မှာ အိမ်ခန်းတွင်ရှိမနေကြောင်း သိရပြီး မီးစတင်လောင်ချိန်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မီးသတ်ဆေးဘူး များဖြင့် ကနဦးငြှိမ်းသတ်ခဲ့သော်လည်း မီးတောက်များ ပိုမိုများလာသည့် အတွက်မြို့နယ် မီးငြှိမ်းသတ်ရေးယာဉ်များအပါအဝင် Level 1 အဆင့် မီးငြှိမ်း သတ်ရေးယာဉ် ၁၀ စီးတို့ လာရောက်ငြှိမ်းသတ်ပေးခဲ့ကြသည်။ လောင်အား ကောင်းခဲ့သောမီးကို ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ထိန်းပေးနိုင်ခဲ့သည်။ မီးလောင်မှုကြောင့် မူလလောင်သည့် အိမ်အပေါ်ထပ် အောက်ထပ် မီးလောင်ကျွမ်းခံခဲ့ရပြီး ခြေရင်းအပေါ်ထပ်တစ်ထပ် မီးသင့်ခံခဲ့ရသည်။

မီးလောင်မှုကြောင့် အခန်းပိုင်ရှင်ဖြစ်သူ ဦးစိုးနေလင်းအား မြို့နယ်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ကိုကြီးတင်