ခင်ဝင့်ဝါ

Listing Description

သရုပ်ဆောင် ခင်ဝင့်ဝါကို စက်တင်ဘာလ ၂၁ ရက်နေ့၊ ၁၉၉၄ ခုနှစ်တွင် ဦး လှဟန်၊ ဒေါ် ကြည်ကြည်ဆွေ တို့က ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ အမည်ရင်း ချောစုလှိုင်ဖြစ်ပြီး မွေးချင်း (၄) ယောက်အနက် အငယ်ဆုံးသမီး ဖြစ်သည်။  အရပ် ၅ ပေ ၆ လက်မရှိသည်။ ရုက္ခဗေဒဘာသာရပ်ဖြင့် အဝေးသင်ဘွဲ့ ရယူခဲ့သည်။

၂၀၁၂ ခုနှစ်တွင် Miss MK Gem ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ Queen of Beauty Award ဆုကို ရရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပသော Miss Supranational ပြိုင်ပွဲသို့ ယှဉ်ပြိုင်ရာ Miss Internet ဆု အပါအဝင် ဆု (၄) ခု ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ရုပ်ရှင်သရုပ်ဆောင် အောင်ရဲလင်းနှင့်အတူ LINE Myanmar တွင် အသုံးပြုနိုင်မည့် စတစ်ကာများ၏ သရုပ်ဆောင်များအဖြစ် ရွေးချယ်ခြင်းခံရသည်။

၂၀၁၆ အောက်တိုဘာလတွင် အဆိုတော် ရွှေထူးနှင့်အတူ OPPO F1s ၏ အမှတ်တံဆိပ်ကိုယ်စားပြုပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံရသည်။

Miss ပြိုင်ပွဲများစွာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Quen of Beauty Award၊ Miss Internet Award၊ Most Beatuy Girl in the World Award၊ People Choice Award၊ Face of Miss Supernational Award ဆုများရရှိခဲ့သည်။

လက်ရှိအချိန်ထိ ဇာတ်ကားပေါင်း ၅၀ ကျော်ခန့် ပါဝင်သရုပ်ဆောင်ထားသည်။