ဆုထက်ကုဋေ

Listing Description

၁၉၉၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်၌ မွေးဖွားခဲ့သည်။ သူမတွင် အစ်ကိုတစ်ယောက်ရှိသည်။ အထက (၁)ဒဂုံမှ အထက်တန်းအောင်မြင်ခဲ့ပြီး နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)တွင် အင်္ဂလိပ်ဘာသာရပ်ကို သင်ကြားခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ဘီအေဘွဲ့ ရရှိခဲ့သည်။

၂၀၁၇ ခုနှစ်တွင် Miss Myanmar International 2017တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဇကာတင် ၁၀ယောက်တွင် ပါဝင်ခဲ့သည်။ မော်ဒယ်အဖြစ် ကြိုးစားအားထုတ်မှုများကို ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများမှ သတိပြုမိပြီး မကြာမီတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရရှိခဲ့သည်။ သူမ ပထမဆုံး သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားမှာ ၂၀၁၇တွင် ထုတ်လွှင့်ခဲ့သော “အိမ်ထောင်” ဇာတ်ကားဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် Fortune TV မှ ထုတ်လွှင့်ပြသခဲ့သော “အဆောင်” ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမအား လူသိများလာခဲ့သည်။ Fortune TV Group မှ စစ်တမ်းများ ကောက်ခဲ့ပြီး ပရိသတ်များ၏ တောင်းဆိုချက်အရ အဆောင် ဇာတ်လမ်းတွဲ အတွဲ (၂)ကို ဆက်လက်ရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် “အဆောင်” ဇာတ်လမ်းတွဲ အတွဲ (၂)တွင် ဆက်လက်သရုပ်ဆောင်ခဲ့ကာ ထိုရုပ်သံဇာတ်လမ်းတွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်တွင် “ဥတုမှားတဲ့ဆောင်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် ငြိမ်းသော်၊ နန်းဆုဦး၊ ခင်ဇာခြည်ကျော်တို့နှင့် တွဲဖက်၍ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ 2018 Star Awards ပွဲတွင်လည်း Star Fairy အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် Streaming စတင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် CS: GO နှင့် အခြားအွန်လိုင်းဂိမ်းများကိုဆော့သော ပထမဆုံးအမျိုးသမီး Streamerများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုနှစ်ကုန်တွင် ရေပန်းအစားဆုံး ပြည်တွင်း ဂိမ်း streamer များတွင် ပါဝင်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် စင်္ကာပူနိုင်ငံအခြေစိုက် Impunity Esports အဖွဲ့မှ သူမကို Brand Ambassadorအဖြစ်ခန့်အပ်ခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများ

အိမ်ထောင်(၂၀၁၇)

ဥတုမှားတဲ့ဆောင်း(၂၀၂၀)

Yangon In Love

ရုပ်သံဇာတ်လမ်းတွဲများ

အဆောင် (၂၀၁၉)

အဆောင်အိပ်မက်နိဒါန်း (၂၀၂၀)

ပဉ္စမမြောက်ပုစ္ဆာ (၂၀၂၁)

Active Now (၂၀၂၁)

ရောင်စုံခြယ်အိပ်မက်များ (၂၀၂၂)

အခြားတစ်ဘက် (၂၀၂၂)