ရှင်သီဝလိခြေတော်ရာ

Listing Description

ရှင်သီဝလိခြေတော်ရာသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၏ အဓိကရ တောင်ကြီးငါးလုံးအနက် အလယ်၌ တည်ရှိသော ကေလာသဖတောင်ပေါ်၌ ရှိပါသည်။ ခြေတော်ရာတည်ရှိရာ ကေလာသဖတောင်ထိပ်ထိ လှေကား ၁၅၉ ဆင့်ရှိသော ရှည်လျားသည့် စောင်းတန်း ဆောက်လုပ်ထားပါသည်။ ခြေတော်ရာကို ရွှေချထားပြီး ယင်းအပေါ်၌ မှန်ခေါင်း အုပ်ထားကာ ဂန္ဓကုဋိတိုက်အတွင်း ရှိပါသည်။ ကရင်သားအဖမှ ဖွတ်ရလို၍ ကျောက်ဖျာပေါ်သို့ လှေကားထောင်ထက်ရာ ဖွတ်မတွေ့ဘဲ ခြေတော်ရာကိုတွေ့၍ ဤခြေရာသည် တန်ခိုးကြီးသူတစ်ဦး၏ ခြေရာဖြစ်နိုင်ကြောင်း သုံးသပ်ကာ ဆွေမျိုးသားချင်းများနှင့် သိုသိုသိပ်သိပ်ကိုးကွယ်ခဲ့ကြရာ နောက်ပိုင်းတွင် လူသိများ ထင်ရှားကျော်ကြားလာခဲ့ခြင်း ဖြစ်ပါသည်။ ရှင်သီဝလီခြေတော်ရာသည် လာဘ်လာဘပွင့်လန်းသည်ဟု အယူရှိသောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်ကြပါသည်။ ခြေတော်ရာမှတစ်ဆင့် ကျောက်ကြီးမြို့နှင့် သုံးမိုင်ခန့်အကွာတွင်ရှိသော စပ်လဲ ရေတံခွန်နှင့် ခြောက်မိုင်ခန့်အကွာတွင်ရှိသော ဒေသအခေါ် ကျောက်မဲတောင်ရေတံခွန် (ကရင်အမည်)သဲသောမူ သဲသောခွား (မြန်မာအမည်)မောင်နှံရေတံခွန်သို့ သွားရောက်လည်ပတ်အပန်းဖြေ ရေဆော့ကစား နိုင်ပါသည်။