အဘယလာဘကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးလေးဆူ

Listing Description

ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့အနီးရှိ ရဋ္ဌပါလကုန်းမြေပေါ်၌ တည်ရှိပါသည်။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဘုရားဒါယကာ ဦးခွန်ထွန်းလူ၊ ဘုရား ဒါယိကာမ ဒေါ်စဝ်နန်းပန် သားသမီး မြေးမြစ် တစ်စုတို့မှမတည်၍ ရပ်ဝေးရပ်နီး အလှူရှင်များက အဘယလာဘ ကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓရုပ်ပွားတော်မြတ် လေးဆူအား ၂၄-၁-၂၀၁၆ နေ့တွင် ပန္နက်တင် မင်္ဂလာပြုလုပ်၍ သာသနာတော်နှစ် ၂၅၆၁ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၈ ခုနှစ် ဝါခေါင်လပြည့်နေ့ (၁၀-၈-၂၀၁၆) ကြာသပတေးနေ့တွင် ဦးခေါင်းတော်နှင့် ရင်ဘတ်တော်အတွင်း၌ သတ္တဌာနဘုရား ဆင်းတုတော်များ၊ ဘုရားဓာတ်တော်များ၊ ရဟန္တာဓာတ်တော်များ၊ မြသပိတ်တော်၊ ပိဋကတ်သုံးပုံအနှစ်ချုပ်၊ ရွှေငွေပတ္တမြား စသော ကျောက်မျက်ရတနာမျိုးစုံတို့ကို ထည့်သွင်းပူဇော် ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။