ရွှေတောင်ဦးစေတီတော်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းပါးတွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီးကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်ပြီး သက္ကရာဇ် ၅၄၂ ခုနှစ်တွင် နရပတိစည်သူမင်းကြီးက စေတီတော်ကို ပြန်လည်တည်ထား ကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ စေတီတော်ရင်ပြင်မှ ချင်းတွင်းမြစ်နှင့် မုံရွာမြို့၏ရှုခင်းအလှကို ကောင်းစွာတွေ့မြင်နိုင်ပါသည်။