လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီ

Listing Description

လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော်သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ ကျက်သရေဆောင်ဖြစ်ပြီး၊ ကောဇာသက္ကရာဇ် ၁၀၉၃ ခုတွင် ခယ်တောင်ပေါ်၌ ဉာဏ်တော် ၃၂ တောင်ဖြင့် စတင်တည်ထားပါသည်။ ကုန်းတော်ပေါ်ရှိ သိမ်ကြီးကို အစွဲပြု၍ ခေါ်တွင်သော လေးကျွန်းဆီမီးသိမ်တော်ကြီး စေတီတော်သည် သက္ကရာဇ် ၁၀၉၃ တွင် မာရိတ်မြို့စား အရမ်မနီနှင့် မြို့လူကြီးများက စတိန်ဆရာတော်ဘုရားကြီး ဦးဇာဂရအား အမှူးထား၍ မြတ်စွာဘုရား၏ ဓာတ်တော်သုံးဆူကိုဌာပနာကာ ဉာဏ်တော် ၃၂ တောင် (ပေ ၄၀)၊ ဖိနပ်တော် ၁၈ တောင်(၂၇ ပေ) ရှိသော စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။ ကုန်းတော်ကို ရှေးယခင်က ခယ်တောင်ဟု ခေါ်ခြင်းကို အစွဲပြု၍ ခယ်တောင်စေတီဟုလည်း သမုတ်ခဲ့ကြသည်။ စေတီတော်ကြီး တည်ရှိရာ သိမ်ကြီးတောင်(ခယ်တောင်)သည် ပေ ၁၂၀ ခန့်မြင့်ပါသည်။ သိမ်တော်ကြီးစေတီတော်တည်ရှိရာ တောင်ပေါ်မှ မြိတ်မြို့တစ်ဖက်ကမ်းရှိ ပထော်ပထက်တောင်ခြေတွင် တည်ထားသော အတုလရံသီရွှေသာလျောင်း ရုပ်ပွားတော်ကြီးနှင့် သာယာလှပသော မြိတ်မြို့မြင်ကွင်းများကို လည်းကြည့်ရှု့တွေ့မြင်နိုင်ပါသည်။